Thursday, January 31, 2013

သရေခေတ္တရာမြို့ဟောင်း သို့အလည်တစ်ခေါက်



........သရေခေတ္တရာ မြို့ ဟောင်းမှာ ရှိတဲ့ ဘုရားကြီးစေတီ ၊ ဘုရားမာ စေတီ နဲ့ ဘောဘော ကြီးစေတီ တို့ ဟာ ကျတော် တို့ မျက်မှောက်မြင် တွေ့ နေရတဲ့ စေတီ တွေ နဲ့ မတူဘဲ

ထူးခြားတဲ့ ပုံစံတွေ နဲ့ တည်ရှိနေတာ ကို သတိပြုမိကြမယ် ထင်ပါတယ် ။ ဒီဘုရားတွေ ရဲ့ ပုံပန်းသဏာန်တွေ ဟာ ကျတော် တို့ တိုင်းပြည်မှာ ရှိတဲ့ စေတီပုံစံတွေ ရဲ

့အရှေ့ပြေးပုံစံတွေဖြစ်တယ် ဆိုတာ မှားမယ် မထင်ဘူး...။ မြန်မာ နိုင်ငံ ရဲ့  ရှေးကျဆုံးစေတီ ပုံစံတွေ ဖြစ်တယ် လို့ ပညာရှင်တွေ ကောက်ချက်ချထားတာကိုလဲ

မှတ်သားရဖူးပါတယ် ။ ဘုရားကြီးစေတီနဲ့ ဘုရားမာစေတီ တို့ ဟာ ပုံသဏာန်ရော အရွယ်စားပါ ခွဲလို့ မရအောင်တူပါတယ် ။ ဘုရားနှစ်ဆူစလုံးမှာလည်း နှေင်းခေတ်လူတွေ

ပြန်ပြင်ထားတဲ့လက်ရာတွေ တွေ့ ရသလို စေတီ နှစ်ဆူစလုံး ရဲ့  အလုံးပတ် မညီမညာဖြစ်နေတာက လဲ တူနေပြန်ပါတယ် ။ ဒီလို ဆိုရင် ....ဒီစေတီ နှစ်ဆူဟာ မူရင်း စေတီ

အပေါ်မှာ နောက်လူတွေ ထပ်ငုံပြီးတော့ ပြန်လည်မွန်းမံထားလေသလားရဲ့ လို့ တွေးစရာဖြစ်နေပါတယ် ။ လက်ရှိစေတီ အသီးသီးမှာ ရှေးဟောင်းသုတေသန ဌာနက

စိုက်ထူထားတဲ့ ယခုခေတ်ထိုး ကျောက်စာတွေ မှာ ..ဘုရားကြီးစေတီကို AD 6 မှ 7 ရာစုအတွင်းမှာတည်ထားခဲ့ တာဖြစ်ပြီး ဘုရားမာ စေတီကိုတော့ AD 4 မှ 9

ရာစုအတွင်းမှာ တည်ထားခဲ့ စေတီ တစ်ဆူ ဖြစ်တယ် လို့ ခန့် မှန်းရေးထိုးထားပါတယ် ။ ပြီးတော့ အဲဒီ ကျောက်စာတွေ မှာ... သရေခတ္တရာ ပြည်ကြီးကိုစတင်တည်ထောင် ခဲ့

တဲ့ ဒွတ္တဘောင် မင်းကြီးဟာ မြို့ တော် အနီးနားပတ်လည် တ၀ိုက်မှာ စေတီးကြီး 9 ဆူထည်ထားကိုးကွယ် ခဲ့ ပြီး လက်ရှိကျတော် တို့ မြင်တွေ ဖူးမျော်ခွင့် ရတဲ့ ဘောဘောကြီး

စေတီ ၊ ဘုရာကြီး စေတီ နဲ့  ဘုရားမာစေတီတို့ ဟာ အဲဒီ စေတီ ၉ ဆူထဲ မှာ အပါဝင်ဖြစ်တယ် လို့ ရေးထားပါသေးတယ် .။..ကျောက်စာရဲ့ အောင်ပိုင်းစာကျောင်းတွေမှ

ဒီစေတီတွေ မှာ ဘုရားရှင်ရဲ့ ဓာတ်တော် အမွေတော် တွေ ကို ဌာပနာ ထားတယ် ဆိုတဲ့ အကြောင်း ၊ ဘုရားရဲ့ ဘွဲ့ တော် ဟာ ဘယ်လိုဘယ်ပုံပြောင်းလဲ ဆင်းသက်လာတယ်

ဆိုတဲ့ အကြောင်း ...စဉ်လာအရ လူတွေ မှတ်သားပြောဆိုကြတာတွေ ကို ပါထည့်ရေးထားတာ ကိုဖတ်ရပါသေးတယ် ။
...................ကျွန်တော် တို့ ပျူတွေ အကြောင်းလေ့ လာရင် မပါမဖြစ် ပါလာတတ်တဲ့ ၊ ဖတ်နေရ ကြားနေရတဲ့ နာမည်တခုရှိပါတယ် ။ သိကြတဲ့ အတိုင်းပါဘဲ ..".ဒွတ္တဘောင်

မင်းကြီး "....ဆိုတဲ့ နာမည်ပါ ။ ဒွတ္တဘောင် ဆိုတာ ကို နေရာတော်တော် များများ နဲ့ ရာဇ၀င် သမိုင်း တော်တော် များများမှာ ဘုရင်တစ်ပါး ရဲ့  နာမည်အနေနဲ့ ဖော်ပြကြတာ

မြင်ရ ဖတ်ရဖူးပါတယ် ။ သရေခေတ္တရာ ပြည်ကြီး ကိုလည်း အဲဒီ ဒွတ္တဘောင် မင်းက တည်ခဲ့ ပါသတဲ့ ။ အခုနောက်ပိုင်း သမိုင်းသုတေသီ တို့ ရဲ့  ရှာဖွေတွေ့ ရှိချက်ကတော့

......အခုကျတော် တို့ သိရှိထားတဲ့ " ဒွတ္တဘောင်" ကို ကျောက်စာ ( အရိုးအိုးစာ ) မှာ " တ္ဒဗံ့" ဆိုပြီးရေးသားဖော်ပြခဲ့ ကြပါတယ်တဲ့ ။ အရိုးအိုးစာအရ နာမည် ( ဘုရင့်နာမည် )

၇ ခု တို့ ရဲ့  အရှေ့ မှာ " တ္ဒဗံ့ " ဆိုတဲ့ စာလုံးတလုံးစီ ထည့်ရေးထားလို့ " တ္ဒဗံ့ သို့မဟုတ် ဒွတ္တဘောင်" ဆိုတာ ဘုရင်တစ်ပါးရဲ့  ဘွဲ့ တော် မဟုတ်ဘဲ " မင်းကြီး " ဆိုတဲ့

အဓိပ္ပါယ် သာဖော်ဆောင်နိုင်ပါတယ် လို့ ဆိုပါတယ် ။ ဥပမာ .. တ္ဒဗံ့ ဟရိဝိကြမ ( မင်းကြီး ဗိဿနိုးနတ်မင်း၏လက်ရုံး ) ဆိုတာမျိုး ရေးသားပါရှိပါတယ်တဲ့  ။ ဒါပေမယ့်

စောစော ကကျတော်ပြောခဲ့ တဲ့ ရှေးဟောင်းသုတေသန ဌာနက ရေးထိုးထာတဲ့ ခုခေတ်ကျောက်စာတွေ မှာ ဒွတ္တဘောင်မင်းကြီး ..လို့ ရေးထားတာမျိုး ၊ ပြည်ဆံတော်ရှင် ရဲ

့ရင်ပြင်ပေါ်မှာ.. " ဒွတ္တဘောင်မင်းကြီးခေါင်းလောင်း "...... စသဖြင့် ရေးထိုးထားတာတွေ ကိုပါတွေ့ တွေ့ နေရပါသေးတယ်။



  ရန်နောင်စိုး 
( ၃၁. ၁.၂၀၁၃ )

No comments:

Post a Comment