လောကစူဠာမဏိ စေတီ (မန္တလေး)
သက်ဦးဆံပိုင်ဘုရင်တစ်ပါးရဲ
့ သား သမီး မယား အချွေရံ အသင်းပင်း များရဲ့  ၀န်းရံခစားမှုကို ခံယူလိုတဲ့
စိတ်ကို ပေါ်လွင်အောင် ဖော်ပြနေတဲ့ စေတီ အစုဝေး တခုကို မန္တလေးမြို့ မှာ
ကျတော် ဖူးတွေ့ ခဲ့
ရဖူးပါတယ် ဘုရားရဲ့ ဘွဲ့ တော်ကတော့ လောကစူဠာမဏိ( လောကမဏိစူဠာ ) ဖြစ်ပါ ။ အရင်တုန်းက အဲဒီဘုရား ကို မရောက်ခဲ့ဖူးပါဘူး ။ မန်းလေး ကနေ ရန်ကုန်ကို နေ့ ခင်းဘက် ပြန် ရင် ကျွဲဆည်ကန် က
ကားထွက်ပြီးမကြာခင် အ၀ိုင်းလေး နားရောက်ရင် ဘဲ စောစော ကပြောခဲ့ တဲ့ ဘုရား အစုဝေးကို ဖူးတွေ့ နေရပါတယ် ။ ဒါပေမယ့် အဲဒီ ဘုရာတွေ အကြောင်း ကျွန်တော်မသိခဲ့ ပါဘူး ။ တလောတုန်းကမှ
ဆရာကြီး ဦးညိုမြ ရဲ့  ကုန်းဘောင်ရှာပုံတော် စာအုပ် ကို ပြန်ဖတ်မိတဲ့ အခါမှ အနောက်န်းမိဖုရား မမြလေး အကြောင်းနဲ့ ဆက်စပ်ပြီး ဆရာကြီးရေးသားထားတာ တွေ့  လို့ ရှာဖွေပြီး သွာရောက်လေ့လာဖူးတွေ
့ခဲ့ ပါတယ် ။ ဘုရားကြီးတည်နေရာက တော့ ကျွဲဆည်ကန် ကားကြီးဝင်း အရှေ့ တောင်ဘက်ယွန်းယွန်း အရင် က ဇောင်းတလော ကန်ကြီးရှိခဲ့ တဲ့ နေရာမှာ တည် ရှိခဲ့ တာပါ ။ အမရပူရခေတ်ကတော့ အဲဒီ
ကန်ကြီးရှိခဲ့ ပေမယ့် အခုချိန်မှာတော့ လယ်ကွက်နဲ့ လူနေအိမ်တွေ ဖြစ်နေကြပါပြီ ။ ဘုရားရဲ့  ပရ၀ုဏ် ကတော်တော် ကြီးပါတယ် ဘယ်လောက်ကျယ်တယ် ဆိုတာ မှန်းလို့ မတတ်အောင်ပါဘဲ ။ ပုံမှာ မြင်ရတဲ့
အတိုင်း တံတိုင်းက နှစ်ထပ် နဲ့ ထောင့် လေးထောင့် မှာ သူ့ မိဘုရားတွေ နဲ့ သမီးတော် တို့ ရဲ့ သုသိုယ် ကောင်းမှု တော် အရံ စေတီတွေ တည်ထားပါတယ် ။ အလယ်တည့် တည့် မှာတော့ သာယာဝတီ
မင်းကြီးရဲ့  ကောင်းမှုတော် အဓိက စေတီကြီး ကို တည် ထားတာပါ ။
.....................................................................သာယာဝတီမင်းကြီးဟာ ဒီစေတီတော်ကြီး ကို သူ့ စိတ်တော် တည်ညိမ်နေတဲ့ အချိန် ( စိတ်ဖောက်ပြားတဲ့ ရောဂါ သက်သာနေတဲ့ အချိန် )
မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့် နှစ်မှာ စတင် တည်ထားကိုးကွယ်ခဲ့ တာဖြစ်ပါတယ် ။ ဘုရင်ကြီးဟာ ကျတော် စောစော ကပြောခဲ့ သလို ပါဘဲ သူလက်ရှိခံစား စံစားနေတဲ့ နေတဲ့ ပုံစံမျိုးနဲ့ သူတည် ထားကိုးကွယ်
မဲ့ စေတီကြီးမှာလည်းသူချစ်ခင်နှစ်သက်တဲ့ မိဘုရားနဲ့ သမီးတော် တို့ ကို အချွေရံ ဘုရားတွေ အဖြစ်တဲ့ အရံစေတီတွေ တည်ထားစေခဲ့ ပါတယ် ။ အလယ်ဗဟို မှာရှိတဲ့ သာယာဝတီမင်းကြီး ရဲ့ ကောင်းမှုတော်
လောကစူဠာမဏိ စေတီကြီးကို အရှေ့ တောင်ထောင့် မှာ မိဖုရားခေါင်ကျပင်း မင်းသမီး ရဲ့ ကောင်းမှုတော် မဟာတိလောက ၊ အရှေ့ မြောက်ထောင့် မှာသမီးတော် စင်္ကြာဒေ၀ီ ရဲ့ ကောင်းမှုတော် လောကပရမေ
၊ အနောက်မြောက်တောင့် မှာ အနောက်နန်းမိဖုရား မမြလေး ရဲ့ ကောင်းမှုတော် ရတနာလောက နဲ့ အနောက်တောင်ထောင့် မှာ ဗန်းမော်မိဖုရား ဝေသာလီမင်းသမီး ရဲ့ ကောင်းမှုတော် သုံးလူ့ထိပ်ပန်း စတဲ့
စေတီတော် တို့ က ၀န်းရံ ပြီး တည်ထားခဲ့ ကြပါတယ် ။
....................................အခုချိန်မှာတော့ ဒီဘုရားကြီး ဆီ ကို သွားရောက်ဖူးမျော်လည်ပတ်ကြတဲ့ သူ အလွန်နဲလှပါတယ် ..။ အလှုခံ ဌာန မှာ ရှိနေတဲ့ ဦးကြီး တယောက်ကို ကျတော် က ဒီဘုရား ကို
ဘုရာဖူးတွေ လာကြရဲ့ လားလို့ မေးကြည့်တော့ ...ဒီဘုရားကြီး ဆီ ဦးတည်ပြီး လာကြတဲ့ သူရယ် လို့ သိပ်မရှိပါဘူးကွယ် တဲ့ .....မျက်စိလည်လမ်းမှားပြီး ဒီဘုရားကြီးကို တွေ့ လို့ အံ့တသြ ၀င်လာဖူးတဲ့ သူဘဲ
ရှိပါတယ် တဲ့ ..... ။ မြန်မာ့ သမိုင်းမှာ အထင်ရ ရှိခဲ့ တဲ့ ပုဂိုလ်တွေ တည်ထားခဲ့ တဲ့ ဘုရားကြ်ီး ကို အခုလိုခြောက်သွေ့ စွာ ဖူးတွေ့  ရတဲ့ အတွက် စိတ်မကောင်းဖြစ်ရပါတယ် ။ ကျတော် လည်း စာအုပ်ထဲ မှာ
ခလုတ်တိုက် မိပြီးတော့ မှာ ဒီဘုရားကြီးကို ရောက်လာခဲ့ တာဆိုတော့ မျက်စိလည် လမ်းမှားပြီးရောက်လာခဲ့ တယ်လို့  ဆိုရမှာပါဘဲ

No comments:
Post a Comment